Get Mystery Box with random crypto!

မန္တလေး တောင်မြင့်ရပ်ကွက်က စကစသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ် | 💢 ZeeGwat🦉🦉💢

မန္တလေး တောင်မြင့်ရပ်ကွက်က စကစသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၊

MFP ၊ မေ - ၄

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ (၅၄)လမ်းနှင့် (၁၁၇)လမ်းထောင့်မှာ ဒီကနေ့ မေ(၄)ရက် မနက်(၉)နာရီကျော်က ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးနိုင်ခြေ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်နေ စစ်ကောင်စီ သတင်းပေးဒလန်လို့ နာမည်ထွက်တဲ့ ဦးဇော်(၃၇)နှစ် ဖြစ်ပြီး ဇနီးသည်နှင့်အတူ မြရည်နန္ဒာစျေးမှာ ကြက်သားရောင်းပြီး အိမ်ပြန်လာချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

မြရည်နန္ဒာစျေးမှာ ကြက်သားရောင်းပြီး ပြန်လာတဲ့ ဦးဇော် ဆိုသူကို (၅၄)လမ်းနှင့် (၁၁၇)လမ်းထောင့်မှာ အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်လို့ နောက်စေ့နဲ့ လည်ပင်းမှာ သေနတ်နှစ်ချက် ထိမှန်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဉ်မှာ လမ်းဘေးစျေးဆိုင်မှာ စျေးဝယ်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်း စစ်အုပ်စု ရောက်လာပြီး လမ်းသွားလမ်းလာတွေကို ရန်ပြုစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုက သူတို့ကို ဆန့်ကျင်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်နေသလို တချိန်တည်းမှာပဲ စစ်အုပ်စုနဲ့ ပေါင်းပြီး အကြမ်းဖက်မှု ကျူးလွန်နေတဲ့ သတင်းပေး၊ ဒလန်ဆိုသူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။

စစ်အုပ်စုဟာ မနေ့က မေ(၃)ရက်မှာ မန္တလေးမြို့က တည်းခိုခန်းတစ်ခုမှာ ရောက်ရှိနေတဲ့ ဒဏ်ရာရထားသူတွေ အပါအဝင် မြစ်ငယ် MN PDF က မြို့ပြပြောက်ကျား လူငယ်ငါးဦးကို အင်အားသုံးပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

https://www.youtube.com/c/MandalayFreePressMFP

https://t.me/ZeeGwatnews