Get Mystery Box with random crypto!

တိုက်ပုံအနက်နဲ့ ဘီလူးခေါင်းဆောင်းပြီး ခြေဥစာအုပ်မီးရှို့ကာ ရန် | 💢 ZeeGwat🦉🦉💢

တိုက်ပုံအနက်နဲ့ ဘီလူးခေါင်းဆောင်းပြီး ခြေဥစာအုပ်မီးရှို့ကာ ရန်ကုန်လူငယ်တွေ ဆန္ဒပြ

လူငယ့်ခေတ်
ဩဂုတ် ၃

"ဥပဒေကိုစစ်ကျွန်ပြု သွေးစွန်းလက်နဲ့ထီးတော်မတင်နဲ့"စာတန်း နဲ့ ကိုဖြိုးဇေယျာသော်သီဆိုရေးသားခဲ့တဲ့ "ယုံကြည်ချက်အတွက် အသက်ကိုစွန့်ကာ သမိုင်းကိုရေးမှာ ငါတို့" စာတန်းတွေကိုင်ပြီး ရန်ကုန်လူထုသပိတ်က ဦးဆောင်ကာ ဒီကနေ့ ဩဂုတ်လ၃ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

တရားဥပဒေ အထက်မှာ အဓမ္မချုပ်ကိုင်ထားသည့် စစ်အာဏာကို အဆုံးထိတော်လှန်တိုက်ထုတ်ဖို့ တိုက်ပုံအနက်နဲ့ ဘီလူးခေါင်းဆောင်းကာ သရုပ်ဖော်ပြီး ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို ကြိုးမိန့်ပေးမီးရှို့ဖျက်ဆီးခြင်းပြုကာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

တိုက်ပုံအနက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိတရားဥပဒေကို ကိုယ်စားပြုပြီး သူ့အပေါ်ကနေ အဓမ္မချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်ကို ဘီလူးခေါင်း‌ဆောင်းနဲ့ သရုပ်ဖော်ပြခဲ့တာလို့ ရန်ကုန်လူထုသပိတ်က ဆိုပါတယ်။

ရန်ကုန် နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီက ဆန္ဒပြသူ​တွေကို ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်နေပေမယ့် ပြည်သူတွေက နေ့စဉ်နီးပါး စစ်အာဏာရှင်ကို ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

#လူငယ့်ခေတ်
#Lungekhit

https://t.me/ZeeGwatnews