Get Mystery Box with random crypto!

'ညီညွှတ်မှုကို အရင်းတည် လွတ်မြောက် မှုဆီ အ​ရောက်ချီ' ရန်ကုန်မြ | 💢 ZeeGwat🦉🦉💢

"ညီညွှတ်မှုကို အရင်းတည် လွတ်မြောက် မှုဆီ အ​ရောက်ချီ" ရန်ကုန်မြို့၏ တစ်​နေရာတွင် ​တော်လှန်​​ရေး ​ကျောင်းသားလူငယ်များမှ လူထုသပိတ်တစ်ရပ်ပြုလုပ် ။

ရန်ကုန် ၁၉ ၊ ဩဂုတ် ၂၀၂၂

အကြမ်းဖက်စစ်​ကောင်စီ၏ ရန်ကုန်မြို့ လူစည်ကားရာနေရာတစ်ခုတွင် ​တော်လှန်​ရေး ​ကျောင်းသားလူငယ်တစ်စုမှ "ညီညွှတ်ကိုအရင်းတည် စည်းလုံးမှုဆီအ​ရောက်ချီ" ဟူ​သော ဘန်နာ စာသားနှင့်အတူ "ငါတို့​တွေ ညီညွှတ်​နေသမျှ ကာလပတ်လုံး မင်းတို့ ဖြိုခွဲလို့မရဘူး" ၊ "ငါတို့ရဲ့ ​တော်လှန်​သွေး​တွေ ဆူပွက်​နေသမျှ ကာလပတ်လုံး မင်းတို့​ကြောက်စိတ်​တွေ တုန်​နေ​စေရမယ်" ၊ "ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်​ကောင်​နေရဲသလည်း​ဟေ့" ဟူ​သော ​မိန့်ခွန်စကားများ ပြည်သူလူထုအားနှင့်အတူ ဟစ်​ကြွေးခဲ့ကြသည်။

ယနေ့လှုပ်ရှားမှုကို ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ မှ ဦး​ဆောင်ကာ မဟာမိတ်မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ရေဘဝဲ (ပြည်သူ့အကျိုးပြုအဖွဲ့အစည်း)၊ ဗမာ့လူငယ်ကွန်ရက် ၊ အ​​ခြေခံပညာ​ကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ၊ အ​ခြေခံပညာ​ကျောင်းသားများ​ရေးရာအဖွဲ့ချုပ်
(အကရ) ၊ စမ်း​ချောင်းပင်မသပိတ်စစ်​ကြောင်း၊ Labour Alliance အဖွဲ့ဝင် CTUM ၊ Owl Community၊ LGBT Community Yangon၊Yangon Democrative Youth Strike(YDYS) ၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့မှ ပူး​ပေါင်းပါဝင်ကာ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြပြီး ​Youth Scout for Democracy (YSD) မှ Scout ပိုင်းတွင် ဂုဏ်ယူစွာဖြင့် ပါဝင်အားဖြည့်ပေးခဲ့ပါသည်။

#YSD