Get Mystery Box with random crypto!

BA5 က တော်တော်ခံရပါတယ် Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ | 💢 ZeeGwat🦉🦉💢

BA5 က တော်တော်ခံရပါတယ်
Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ်

ကူးစက်တာ အရမ်းမြန်တယ်၊ စကားလေးငါးခွန်းပြောလိုက်တာနဲ့ ချက်ချင်းကူးသွားနိုင်ပြီး
ကလေးတွေကိုပါ ကူးစက်ပြီး ခံစားရစေပါတယ်။

Day 1 - ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီး အားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင်
ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူး ဖြစ်လာမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး
အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားမယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့
အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို
အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negativeပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှအပေါ်ကလက္ခဏာတွေ
ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် ( သို့ )Swab test Positive ပြနေသေးရင် ( သို့ )အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်သည့်အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်Omicron အစလို မပေါ့ပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိ ကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ
အထက်ပါလက္ခဏာအများစုကို
ပြင်းထန်စွာခံစားရပါတယ်

Home_Q လုပ်ပြီး အိမ်မှာပဲနေမယ့် လူအများစု လိုအပ်မည့် ဆေးတွေကတော့

Paracetamol လိုမျိုးအဖျားကျဆေး၊ Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက် ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 ~ 2 Liter လောက် သောက်ပါ
အိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါ

ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို

သွေးတိုးနှလုံးသမားတွေက
သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊

တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း
မိမိအခြေအနေကို အားမရဘူးဆို
ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး အကူအညီရယူဆောင်ရွက်တာက အကောင်းဆုံးပါပဲ

#Crd

https://t.me/ZeeGwatnews