Get Mystery Box with random crypto!

တရုတ်ပြည်သူ့သမ္မတနိုင်ငံကဝယ်ယူထားတဲ့ Sinopharmအမှတ်တံဆိပ် ကိုဗ | Myanmar Update News

တရုတ်ပြည်သူ့သမ္မတနိုင်ငံကဝယ်ယူထားတဲ့ Sinopharmအမှတ်တံဆိပ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂သန်းဟာ ဒီကနေ့ ဩဂုတ်လ ၂၈ရက်နေ့ ညနေပိုင်းမှာ ထပ်မံရောက်ရှိလာတယ်လိုသိရပါတယ်။
အဆိုပါကိုဗစ်ကာကွယ်ဆေးအလုံးရေ ၂သန်းဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ညနေ ၄နာရီ ၂၅မိနစ်မှာ ရောက်ရှိလာတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး
ကုသရေးနဲ့ပြည်သူကျန်းမာရေးဦးစီးဌာနကလက်ခံရယူခဲ့တာဖြစ်ပါတယ်။
၎င်းကာကွယ်ဆေးတွေကို ရန်ကုန်တိုင်းဒေသကြီး ဗဟိုကာကွယ်ဆေးသိုလှောင်ရုံမှာထားရှိပြီး မနက်ဖြန်ဩဂုတ်လ ၂၉ရက်နေ့မှာ တပ်မတော်လေ ယာဉ်နဲ့တိုင်းဒေသကြီးပြည်နယ်အသီးသီးကိုအအေးလမ်းကြောင်းမပြတ် ပိုဆောင်ပေးသွားမယ်လိုသိရပါတယ်။
Yangon Media Group