Get Mystery Box with random crypto!

Myanmar Update News

电报频道的标志 myanmarupdate — Myanmar Update News M
电报频道的标志 myanmarupdate — Myanmar Update News
通道地址: @myanmarupdate
类别: 政策 , 新闻和媒体
语言: 中国
用户: 39.30K
频道的描述

အမှောင်ထဲမှ အလင်းတစ်စ

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


最新信息

2022-01-06 04:07:24
အ ရှေ့ တောင်အာရှပွဲအတွက် လေ့ကျင့် နေသည့် ကာယဗလမောင်/ မယ်များ၏ လက်ရည်စစ်ပြိုင်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၄

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ကာယဗလ မောင် /မယ်များ၏ လက်ရည်စစ်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီခွဲက မင်္ဂလာတောင်ညွန့်မြိုနယ် မြိုတော်စည်ပင်အားကစားဝင်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲချုပ် ကာယဗလ လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့သည်။
2.0K views01:07
打开/如何
2022-01-06 04:04:12 ဇန်နဝါရီ ၆ ရက် နံနက်ခင်းသတင်းအစီအစဉ်

■ နမ့်ခမ်းမြိုနယ်တွင် တပ်မတော်နှင့် TNLA အဖွဲတို၏ တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားကာ ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိ

■ မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားဖြစ်သူတို ဖမ်းဆီးခံရ

■ COVID-19 လူနာသစ် ၁၃၃ ဦးတွေ့ရှိပြီး လေးဦး ထပ်မံသေဆုံး

■ ကာဇက်စတန်သမ္မတက ဆန္ဒပြမှုများကို တားဆီးနိုင်ရန်အတွက် အစိုးရအဖွဲကို ထုတ်ပယ်

■ မူးယစ်စစ်ပွဲအတွင်း သေဆုံးမှုများအတွက် မည်သည့်အခါမျှ တောင်းပန်မည်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

■ အသင်းလက်မဲ့ဖြစ်နေသည့် အဲရစ်ဆင်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များ စိတ်ဝင်စားနေ
2.0K views01:04
打开/如何
2022-01-06 03:22:32 #တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းကို ဇန်နဝါရီ ၁၅ ရက်အထိ သတ်မှတ်ရက်တိုးမြှင့်ထားပြီး #တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက #မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ( #နေပြည်တော် ) ရုံးအမှတ်(၅၂) ဖုန်း ၀၆၇ - ၃၄၃၀၅၈၃၊ ၀၆၇ - ၃၄၃၀၅၈၄၊ ၀၉-၂၀၂၄၂၉၇၊ #မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ #ရန်ကုန်(ရုံးခွဲ) ဖုန်း ၀၉-၄၃၁၄၀၂၂၆၊ ၀၉-၂၆၁၉၅၅၅၅၉၊ ၀၉-၄၄၃၀၀၇၈၆၄ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ..

#တက္ကသိုလ်ဝင်စာမေးပွဲ ကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း ..
2.0K views00:22
打开/如何
2022-01-05 13:16:01 လော့ခ်ဒေါင်းချခံထားရတဲ့ ရှီအန်းမြို့သူမြို့သားတွေ ဂေါ်ဖီထုပ်နဲ့ စီးကရက်လဲလှယ်ပြီး စားသောက်နေရ
______________________________

တမြို့လုံးကို လော့ဒေါင်းချပြီး ထိန်းချုပ်ထားတဲ့ ရှီအန်းမြို့မှာ မြို့သူမြို့သားတွေဟာ အစားအစာထောက်ပံ့မှုမရရှိလို့ အခက်တွေ့နေကြပါတယ်။ ဒါကြောင့် မြို့ခံတွေဟာ စီးကရက်၊ နည်းပညာသုံးပစ္စည်းတွေကိုအသုံးပြုကာ စားစရာတွေနဲ့ လဲလှယ်နေကြတယ်လို့
သိရပါတယ်။ ရှီအန်းမြို့ကတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး တမြို့လုံးကို ဘာအကြောင်းကြောင့်မှ အိမ်ပြင်မထွက်ဖို့ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

ဆောင်းရာသီအိုလံပစ်ပွဲတော်ကို မကြာခင်မှာ ကျင်းပတော့မယ့် တရုတ်အတွက် ကိုဗစ်ထိန်းချုပ်ဖို့က အရေးကြီးဦးစားပေးလုပ်ငန်းစဉ်ဖြစ်လာခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကိုဗစ်ကူးစက်မှု ၃ ခု တွေ့ခဲ့၇တဲ့ ယူကျိုးမြို့ကိုလည်း မနေ့ညကစပြီး ပိတ်လိုက်ပြီဖြစ်ကာ အဆိုပါသုံးယောက်စလုံးက ရောဂါလက္ခဏာပြသခြင်းမရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။

ရှီအန်းမြို့မှာတော့ အစိုးရက အစားအသောက်တွေ ထောက်ပံ့ပေးနေတယ်ဆိုပေမယ့် မရရှိသူတွေ အများအပြားရှိနေကာ လူမှုကွန်ရက်ပေါ်မှာ အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အစားအသောက်တွေ ကူညီပေးဖို့လည်း တောင်းဆိုခဲ့ကြပြီး ရှိတာတွေ ကုန်တော့မယ့်အပြင် တချို့ကတော့ အခုချိန်ထိကို ဘာထောက်ပံ့မှုမှ မရခဲ့ဘူးလို့လည်း ပြောဆိုခဲ့ကြကာ တရုတ်လူမှုကွန်ရက် Weibo မှာ အစားအသောက်ကို ပစ္စည်းအသုံးအဆောင်တွေနဲ့ လဲလှယ်တာတွေ များပြားလာခဲ့ပါတယ်။

စီးကရက်နဲ့ ဂေါ်ဖီထုပ်၊ ပန်းကန်ဆေးဆပ်ပြာရည် နဲ့ ပန်းသီး၊ အမျိုးသမီးတကိုယ်ရည်သုံးပစ္စည်းတွေနဲ့ ဟင်းသီးဟင်းရွက် အစရှိသဖြင့် လဲလှယ်နေကြတာဖြစ်ပါတယ်။ Nintendo Switch ဂိမ်းကွန်ထရိုးလ် နဲ့ ခေါက်ဆွဲခြောက်၊ ပေါက်စီတွေ လဲလှယ်တာတွေလည်း ရှိနေခဲ့ကာ ရှီအန်းမြို့သူမြို့သားတွေက တော်တော်လေးအခက်တွေ့နေကြတာဖြစ်ပါတယ်။

တရုတ်ဟာ ကိုဗစ်ပပျောက်ရေးစီမံချက်ကို အကောင်အထည်ဖော်ရာမှာ တင်းကျပ်တဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကို ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ မြို့တမြို့မှာ ကိုဗစ်တွေ့တာနဲ့ တမြို့လုံးကို ပိုက်စိပ်တိုက်စစ်ဆေးကာ နောက်ကြောင်းပြန်လိုက်ပြီး ကွင်းဆက်ဖော်ထုတ်ကာ ကိုဗစ်ထပ်မံကူးစက်မှုမရှိအောင် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
2.9K views10:16
打开/如何
2022-01-05 12:06:49
ကျောပိုးအိတ် လေးချီကာလွယ် စာအုပ် ၊မထိကန်သာ ရေကြည်ရှာခဲ့ စာအုပ်၊ပြည်တွင်း သောင်းကျန်းမူနှင့်ရုန်းကန်လာရ သော လွတ်လပ် ရေး စာအုပ် စသည့် ဘဝဖြတ်သန်းမူများရေးသားခဲ့ သော တင့် ဆွေ(ဖျာပုံ) (၉၈) နှစ်သည် ယ နေ့ နံနက် ၂နာရီခွဲ ကကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဇန္နဝါရီ (၇)ရက်တွင်
သင်္ဂြိုလ်မည်ဖြစ်သည်။

ဗိုလ်မူးချုပ် တင့် ဆွေသည် ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း အပတ်စဉ် (၂) ကျောင်းဆင်း၊
ဂျပန်ပြည်၊ဂျပန်ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် (၅၈) ဗိုလ်သင်တန်း (မြန်မာပြည်မှလွတ် သော ဒုတိယ အသုတ် ) ဆင်းတစ်ဦးဖြစ်ပြီး၊တပ်မ(၇၇)တပ်မမူး၊ကာကွယ် ရေး ဒုဝန်ကြီး၊ စက်မူ့(၁)ဝန်ကြီး၊မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ ဗဟို ကော်မတီဝင် တာဝန်တိုကို ထမ်း ဆောင်ခဲ့သည်။

၄င်း၏ ဇနီး ဒေါ်ခင်စန်း ကလွန်ခဲ့ သော ၁၀ နှစ် ကျော်(၅.၇.၂၀၀၉)က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
273 views09:06
打开/如何
2022-01-05 10:44:18
သဗ္ဗညုဘုရား ပြုပြင်ရေး ၉ နှစ်ကြာစီမံကိန်းဖြစ်

CNI News

၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၅

ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခြင်းခံရသည့် ပုဂံဒေသရှိ စေတီပုထိုးများထဲတွင် ဉာဏ်တော် အမြင့်ဆုံး ဖြစ်သည့် သဗ္ဗညုဘုရားအား တရုတ်အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအား ၉ နှစ်အတွင်း အပြီးလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ဇန်နဝါရီ ၈ ရက်တွင် တရားဝင် စတင်မည်ဖြစ်ကြောင်း၊ သဗ္ဗညုဘုရားသည် ငလျင်ဒဏ်ကြောင့် ထိခိုက်မှု ရှိခဲ့သည့်အတွက် ယခုကဲ့သို ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းကပြောသည်။
1.1K views07:44
打开/如何
2022-01-05 07:33:51 ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင်း နေရာအချို့တွင် အကြမ်းဖက် PDF များဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့
...
ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရှိရ။ အလားတူ ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်၊ ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် မြောက်ဒဂုံနှင့်အရှေ့ဒဂုံတို့တွင် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။ အလားတူ ယနေ့ နံနက် ၅ နာရီ ၄၄ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်တွင် ပထမအကြိမ်၊ နံနက် ၆ နာရီ ၄၂ မိနစ်အချိန်တွင် ဒုတိယအကြိမ် ၂ ကြိမ်တိတိ ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။
2.2K views04:33
打开/如何
2022-01-05 06:44:11
စိန်ရတု ပြည်ထောင်စုနေ့ကို ဗိုလ်ရှုသဘင်ရင်ပြင်တွင်ကျင်းပမည်
2.5K views03:44
打开/如何
2022-01-05 04:24:02
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ဖြင့် ပူဇော်ခြင်းကို ရရှိတော်မူသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ဒုပါချုပ်၊ ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ် (မှော်ဘီ) အဓိပတိ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား ဂုဏ်ပြုပူဇော်ပါ၏။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
Crd@ဒေါက်တာကောဝိဒသီရီ
2.9K views01:24
打开/如何
2022-01-05 04:19:53 (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၃

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးထွန်းအံ့၊ ဦးအောင်ကျော်ထွန်း၊ ဦးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ဦးမင်းထိန်၊ ဦးဇော်အေးမောင်၊ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ချီတက်အလေးပြုခဲ့ကြ

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို နေပြည်တော်၌ ဗိုလ်ရှုခံရင်ပြင်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမ္မတကြီး စဝ်ရွှေသိုက်၊ သမ္မတကြီး ဒေါက်တာ ဘဦးနှင့် သမ္မတကြီး မန်းဝင်းမောင်တို့ တာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်တမ်းကာလအတွင်း ဗိုလ်ရှုခံအခမ်းအနားများကို ကျင်းပခဲ့ကြပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံအခမ်းအနားကို တစ်ဖန်ပြန်လည် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဗိုလ်ရှုခံအခမ်းအနားများကို ကျင်းပသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဂုဏ်ယူအလေးအနက်ထားသောအားဖြင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်း ပေါင်းစုံက နိုင်ငံတော်သမ္မတကြီးများအား ချီတက်အလေးပြုခဲ့ကြခြင်း ဖြစ်ပါကြောင်း။

ယခုနှစ် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကိုလည်း ပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က Virtual စနစ်ဖြင့် အစည်းအဝေးခေါ်ယူ ရှင်းလင်းပြောကြားပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့က အမှာစကား ပြောကြားကြသည်။

ရှင်းလင်းဆွေးနွေး

ဆက်လက်၍ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ က ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ဗိုလ်ရှုခံအခမ်းအနား မှတ်တမ်းဓာတ်ပုံ Powerpoint ကို ပြန်လည်ပြသကာ ယခုနှစ်တွင် ကျင်းပမည့် အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့် က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီဖွဲ့စည်းရန်လျာထားမှုနှင့် လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ကဏ္ဍအလိုက် ဆွေးနွေး

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများ က ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းပြီး ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်
2.7K views01:19
打开/如何