Get Mystery Box with random crypto!

ရန်ကုန်-ပုသိမ်လမ်းမကြီးကို အဆင့်မြှင့်တင်မည် ရန်ကုန်-ပုသိမ်လမ | Myanmar Update News

ရန်ကုန်-ပုသိမ်လမ်းမကြီးကို အဆင့်မြှင့်တင်မည်

ရန်ကုန်-ပုသိမ်လမ်း လမ်းမကြီး ၊ လှိုင်သာယာမြို့နယ်အတွင်း လမ်းဘေး လက်ဝဲ လက်ယာတွင် ကျူးကျော်နေအိမ်များ ရှင်းလင်းပြီးစီးပြီ ဖြစ်၍ ပြန်လည် အဆင့်မြှင့်တင်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေကြောင်း အဆိုပါ ကော်မတီက သိရသည်။

အဆိုပါ လမ်းမကြီး လမ်းဘေး တစ်ချက်တွင် မြို့တည်ကတည်းက ထားရှိသော အနက်ခြောက်ပေ၊ အကျယ် ပေ ၃ဝ အရွယ်အစားရေစုကန်များမှာ တိမ်ကောနေပြီ ဖြစ်၍ အဆိုပါ ရေစုကန်များကို ပြန်လည် တူးဖော်ရှင်းလင်းကာ သဘာဝရေဝေရေလဲနေရာအဖြစ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကအခု ရေစုကန်တွေကို ပြန်ရှင်းနေပြီ။အမှိုက်တွေ ရှင်းတယ်။ ရေထွက်ပေါက်တွေကို ပြန်လုပ်ရမယ်။ ပြီးတော့ စက်ဘီးစီးတဲ့ လမ်းတွေ ၊ လူသွားစင်္ကြံလမ်းတွေကို လုပ်မယ်။ဘတ်စ်ကား မှတ်တိုင် ၊ ပန်းအလှနှင့်အရိပ်ရပင်တွေ ကိုလည်း စိုက်မယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆင့်မြင့် အရာရှိကြီးက ပြောသည်။

ရန်ကုန်-ပုသိမ်လမ်းမကြီး တစ်ခုလုံး၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းလမ်း အရှည်မှာ ၇ မိုင် ၄ ဖာလုံရှိပြီး ယင်းတွင် ၅ မိုင် ၄ ဖာလုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်မည်ဖြစ်သည်။