Get Mystery Box with random crypto!

ရုရှားနိုင်ငံထုတ် Sputnik Vတံဆိပ် ကိုဗစ်ကာ ကွယ်ဆေးအား ၅၀ ရာခို | Myanmar Update News

ရုရှားနိုင်ငံထုတ် Sputnik Vတံဆိပ် ကိုဗစ်ကာ ကွယ်ဆေးအား ၅၀ ရာခိုင်နှုန်းလျော့စျေးဖြင့် ရန်ကုန်တွင် ထိုးနှံနိုင်ပြီ

Russia နိုင်ငံမှထုတ်လုပ်သည့် ကိုဗစ်ကာကွယ် ဆေး ဆေးအမျိုးအစား Sputnik V (Russia) Dose အား ကျန်းမာရေးဝန်ကြီးဌာန အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုမှုဖြင့် ပုဂ္ဂလိကဏ္ဍမှ တင်သွင်းခွင့်ရရှိသွားပြီဖြစ်၍ မြန်မာနိုင်ငံတွင်တရားဝင် စတင်ထိုးနှံနိုင်ပြီးဖြစ်သည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေး Sputnik V (Russia) Dose အား Golden Health Care တွင် နှစ်သစ်ကူးအထူးအစီအစဥ်အနေဖြင့် တစ်ဦးလျင် ၅၀ ရာခိုင်နှုန်းလျော့စျေးဖြင့် ဇန်နဝါရီတစ်လတာအတွင်း ထိုးနှံနိုင်မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ယခင်တစ်ဦး ၂ သိန်းခွဲကျပ်မှ လျော့စျေးကာလတစ်လတာအတွင်း တစ်ဦးလျင် ၁ သိန်း ၂ သောင်းကျပ် ၅၀ ရာခိုင်နှုန်းလျော့စျေးဖြင့် ထိုးနှံနိုင်မည်ဖြစ်သည်။

အဆိုပါ ရုရှားနိုင်ငံထုတ် Sputnik Vအမှတ်တံဆိပ် ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘာပေါ်တွင် ပထမဆုံးမှတ်ပုံတင်နိုင်ခဲ့သည့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ရာခိုင် နှုန်းကျော်၏ စိတ်ဝင်စားမှုကို ရရှိထားသည့် ကာ ကွယ်ဆေးအမျိုးအစားလည်းဖြစ်ပါသည်။

ကာကွယ်ဆေး၏ အစွမ်းသတ္တိသည် Delta 90% ၊ Overall 92% ထိရောက်စွာကာကွယ်ပေးနိုင်ပြီး ကိုဗစ် ရောဂါကြောင့်နောက်ဆက်တွဲဖြစ်ပွားတတ်သော ပြင်းထန်ရောဂါများအား ၁ဝဝ%ကာကွယ်ပေးနိုင်ပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန မှ FDA ခွင့်ပြုချက်ရရှိပြီးသား ဖြစ်သောကြောင့် VMIs ဖြင့် QR CODE ပါဝင်သော Certificate ကိုလည်း ရရှိမည်ဖြစ်ပါသည်။

၄င်းကာကွယ်ဆေးကို မြန်မာနိုင်ငံတွင်တရားဝင်ထိုးနှံခွင့်ပြုထားပြီး ရန်ကုန်မြို့ အင်းယားစင်တာ၊ Asia pacific medical center ၊ထက်မှန် medical centerနှင့် မန္တလေးမြို့တို့တွင် ထိုးနှံနိုင်ပါသည်။

ကာကွယ်ဆေး ထိုးနှံလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၉၅၂၇၉၉၉၁၆၊၀၉-၄၅၆၉၁၀၀၇၅၊၀၉-၄၅၆၉၁၀၀၄၈၊၀၉-၄၅၆၉၁၀၀၈၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။