Get Mystery Box with random crypto!

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင်း နေရာအချို့တွင် အကြမ်းဖက် PD | Myanmar Update News

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင်း နေရာအချို့တွင် အကြမ်းဖက် PDF များဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့
...
ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရှိရ။ အလားတူ ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်၊ ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် မြောက်ဒဂုံနှင့်အရှေ့ဒဂုံတို့တွင် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။ အလားတူ ယနေ့ နံနက် ၅ နာရီ ၄၄ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်တွင် ပထမအကြိမ်၊ နံနက် ၆ နာရီ ၄၂ မိနစ်အချိန်တွင် ဒုတိယအကြိမ် ၂ ကြိမ်တိတိ ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။