Get Mystery Box with random crypto!

သဗ္ဗညုဘုရား ပြုပြင်ရေး ၉ နှစ်ကြာစီမံကိန်းဖြစ် CNI News ၂၀၂၂ခ | Myanmar Update News

သဗ္ဗညုဘုရား ပြုပြင်ရေး ၉ နှစ်ကြာစီမံကိန်းဖြစ်

CNI News

၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၅

ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခြင်းခံရသည့် ပုဂံဒေသရှိ စေတီပုထိုးများထဲတွင် ဉာဏ်တော် အမြင့်ဆုံး ဖြစ်သည့် သဗ္ဗညုဘုရားအား တရုတ်အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအား ၉ နှစ်အတွင်း အပြီးလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ဇန်နဝါရီ ၈ ရက်တွင် တရားဝင် စတင်မည်ဖြစ်ကြောင်း၊ သဗ္ဗညုဘုရားသည် ငလျင်ဒဏ်ကြောင့် ထိခိုက်မှု ရှိခဲ့သည့်အတွက် ယခုကဲ့သို ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းကပြောသည်။