Get Mystery Box with random crypto!

ကျောပိုးအိတ် လေးချီကာလွယ် စာအုပ် ၊မထိကန်သာ ရေကြည်ရှာခဲ့ စာအုပ် | Myanmar Update News

ကျောပိုးအိတ် လေးချီကာလွယ် စာအုပ် ၊မထိကန်သာ ရေကြည်ရှာခဲ့ စာအုပ်၊ပြည်တွင်း သောင်းကျန်းမူနှင့်ရုန်းကန်လာရ သော လွတ်လပ် ရေး စာအုပ် စသည့် ဘဝဖြတ်သန်းမူများရေးသားခဲ့ သော တင့် ဆွေ(ဖျာပုံ) (၉၈) နှစ်သည် ယ နေ့ နံနက် ၂နာရီခွဲ ကကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဇန္နဝါရီ (၇)ရက်တွင်
သင်္ဂြိုလ်မည်ဖြစ်သည်။

ဗိုလ်မူးချုပ် တင့် ဆွေသည် ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း အပတ်စဉ် (၂) ကျောင်းဆင်း၊
ဂျပန်ပြည်၊ဂျပန်ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် (၅၈) ဗိုလ်သင်တန်း (မြန်မာပြည်မှလွတ် သော ဒုတိယ အသုတ် ) ဆင်းတစ်ဦးဖြစ်ပြီး၊တပ်မ(၇၇)တပ်မမူး၊ကာကွယ် ရေး ဒုဝန်ကြီး၊ စက်မူ့(၁)ဝန်ကြီး၊မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ ဗဟို ကော်မတီဝင် တာဝန်တိုကို ထမ်း ဆောင်ခဲ့သည်။

၄င်း၏ ဇနီး ဒေါ်ခင်စန်း ကလွန်ခဲ့ သော ၁၀ နှစ် ကျော်(၅.၇.၂၀၀၉)က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။