Get Mystery Box with random crypto!

Myanmar Update News

电报频道的标志 myanmarupdate — Myanmar Update News M
电报频道的标志 myanmarupdate — Myanmar Update News
通道地址: @myanmarupdate
类别: 政策 , 新闻和媒体
语言: 中国
用户: 39.30K
频道的描述

အမှောင်ထဲမှ အလင်းတစ်စ

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


最新信息 10

2021-12-23 13:35:37 ဒီဇင်ဘာ ၂၃ ရက် ညနေခင်း သတင်း အစီအစဉ်

သင်္ဃန်းကျွန်းမြိုနယ် သုဝဏ္ဏပေါ်ဆန်းမွှေးလမ်းထောင့်နှင့် မြဝတ်ရည်လမ်းထောင့်တွင် ပေါက်ကွဲမှုဖြစ်ပွားဆိုသည့် နောက်ဆုံးရညနေခင်းသတင်း(တိုက်ရိုက်ထုတ်လွှင့်မှု)

■ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်အား ထောင် (၃) နှစ် ထပ်မံချမှတ်ခံခဲ့ရသဖြင့် ထောင်ဒဏ်စုစုပေါင်း နှစ် ၈၀ ချမှတ်ခံထားရ

■ ယူကရိန်း အရေးနှင့်ပတ်သက်ပြီး ရုရှားဘက်က နောက်ဆုတ်စရာမရှိဟု သမ္မတပူတင် ပြောကြား

■ ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဂျပန်က ယန်းငွေ ၁၀၇.၆ ထရီလျံ( ဒေါ်လာ ၉၄၃ ဘီလျံ) သုံးစွဲရန် လျာထား

■ ဟော်လန်းကို ခေါ်ယူပေးရန် ယူနိုက်တက်နည်းပြ ရန်းနစ်တောင်းဆို
3.5K views10:35
打开/如何
2021-12-23 13:17:54
အိန္ဒိယအစိုးရက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူ

မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ဒီဇင်ဘာ၂၂ရက်ကစပြီး ၂ရက်ကြာလာရောက် လည်ပါတ်နေသည့် အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla က မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးကပြောဆိုသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စားလှယ်များထံသို့ကိုဗစ်ဆေးလှူဒါန်းခဲ့ခြင်းဖြစ်ကာအိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးအလုံးရေ (၁)သန်းကို အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်သူများအပါအဝင်မြန်မာပြည်သူများအတွက် COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရာတွင်ကူညီထောက်ပံ့နိုင်ရန်လွှဲပြောင်းပေးအပ်ခဲ့သည်ဟုအိန္ဒိယသံရုံးကပြောဆိုသည်။

အိန္ဒိယနိုင်ငံအစိုးရ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringlaသည်ခရီးစဉ်အတွင် နစက တာဝန်ရှိသူများအပါအဝင် နိုင်ငံရေးပါတီအချို့၊လှူမှု့အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla၏မြန်မာပြည်ခရီးစဉ်သည် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းအိန္ဒိယနိုင်ငံအစိုးရအဖွဲ့၏အဆင့်မြင့်အရာရှိတစ်ဦး ပထမဦးဆုံးလာရောက်သည့်ခရီးစဉ်တစ်ခုဖြစ်သည်။
3.5K views10:17
打开/如何
2021-12-23 13:17:14 သရုပ်ဆောင် ဖူးပွင့်သခင်၏ နေအိမ်ဖောက်ထွင်းမှု ကျူးလွန်သူများအား ဖမ်းမိ

ဧရာဝတီ၊ ဒီဇင်ဘာ ၂၃ ၊ ၂၀၂၁

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ သရုပ်ဆောင် ဖူးပွင့်သခင်၏နေအိမ် ဖောက်ထွင်းခံရမှုမှ ကျူးလွန်သူများအား ဒီဇင်ဘာ ၂၂ ရက်တွင် ထန်းတပင်မြို့နယ်အတွင်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၀ ရက်က ဖူးပွင့်သခင်၏ နေအိမ် ဖောက်ထွင်းခံရပြီး လက်ဝတ်ရတနာများ အပါအဝင် အိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများ၊ အဝတ်အထည်များ ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။

သရုပ်ဆောင် ဖူးပွင့်သခင်က “အားလုံးရဲ့ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှုကြောင့် ပစ္စည်းများ ခိုးယူသယ်ဆောင်သွားသော သူခိုးလင်မယား နှစ်ယောက်အား ဒီဇင်ဘာ ၂၂ ရက် ထန်းတပင်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အစအဆုံး လိုက်ပါဆောင်ရွက် ကူညီစောင့်ရှောက်ပေးကြသူများ အားလုံးနှင့် သူခိုးလင်မယားအား တွေ့ရှိကြောင်း လာရောက် သတင်းပေးကြသူများ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်” ဟု ပြောသည်။

အဆိုပါ နေအိမ် ဖောက်ထွင်းခံရမှုကြောင့် ကျပ်သိန်း ၂၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး ခိုးယူခံခဲ့ရသော ပစ္စည်းများ အားလုံး ပြန်မရသေးဘဲ လက်ရှိတွင် စစ်ဆေး မေးမြန်းနေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖူးပွင့်သခင်သည် ၎င်း၏ မိခင်နှင့်အတူ ခရီးသွားနေစဉ် နေအိမ်တွင် အလုပ်လုပ်နေသည့် အိမ်အကူ ဇနီးမောင်နှံ နှစ်ဦးအား အိမ်စောင့်အဖြစ် ထားရှိခဲ့ရာ ၎င်းတို့နှစ်ဦးမှ အိမ်အတွင်းရှိ အခန်းများကို သော့အတုများဖြင့် ဖွင့်ဖျက်ပြီး သေတ္တာများ၊ ဗီရိုများအား ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်သွားခြင်း ဖြစ်ကြောင်း ဖူးပွင့်သခင်က ပြောဆိုထားသည်။

ထို့ပြင် အဆိုပါ ဇနီးမောင်နှံ နှစ်ဦးမှ သရုပ်ဆောင် ဖူးပွင့်သခင်ထံ Viber ဖုန်းနံပါတ်မှ တဆင့်လည်း ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဆိုသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဖူးပွင့်သခင်က ဒီဇင်ဘာ ၂၃ /က် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

သရုပ်ဆောင် ဖူးပွင့်သခင်သည် မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် ဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်သည်။
3.4K views10:17
打开/如何
2021-12-23 07:31:15
နစကဥက္ကဌ၏ လမ်းညွှန်ချက်ဖြင့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (RTF Bulk) Doses အား မြန်မာနိုင်ငံတွင် ထုတ်လုပ်ရန်အတွက် တရုတ်နိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြိုတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းအချက်အလက်များအရ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အာနိသင်ထက်မြက်တာကို သိရှိရတာကြောင့် Sinopharm CNBG မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို Ready to Fill Bulk အနေနဲ့ ဝယ်ယူဖို ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။
4.0K views04:31
打开/如何
2021-12-23 04:28:27 ဒီဇင်ဘာ ၂၃ ရက် နံနက်ခင်း သတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)

■ ဖားကန့်မြိုနယ် သာယာကုန်းကျေးရွာရှိ လုပ်ကွက်ဟောင်းတွင် မြေစာပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ ၈၀ ခန့် ပျောက်ဆုံးနေ

■ ထိုင်းမှ တဆင့် မလေးရှားသို သွားရောက်မည့် မြန်မာနိုင်ငံသား ၃၄ ဦး ရနောင်းခရိုင်တွင် ဖမ်းဆီးခံရ

■ COVID-19 လူနာသစ် ၁၉၉ ဦး တွေ့ရှိပြီး ငါးဦး ထပ်မံသေဆုံး

■ ယူကရိန်းအရေးတွင် အနောက်နိုင်ငံများကို တုံပြန်ရန် စစ်ရေးအရ အသင့်ပြင်ထားသည်ဟု ရုရှားသမ္မတ ပူတင် ပြောကြား

■ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ပြင်ဆင်ထားဟု ဘိုင်ဒင် ပြောကြား

■ ပရီးမီးယားလိဂ်တွင် ကာကွယ်ဆေး မထိုးသည့် ကစားသမား ၁၆ ရာခိုင်နှုန်း ရှိနေ
1.2K views01:28
打开/如何
2021-12-23 03:20:42 မင်္ဂလာနံနက်ခင်းပါ
1.4K views00:20
打开/如何
2021-12-22 18:59:45
2.5K views15:59
打开/如何
2021-12-22 18:35:16 မင်္ဂလာညချမ်းပါ
2.8K views15:35
打开/如何
2021-12-22 18:33:12
အင်းစိန်မြိုနယ် ခုံးတံတားအနီးတွင် နှစ်ရက်အတွင်း လုယက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး ကျပ်သိန်း ၉၀၀၀ ကျော် ပါသွားကာ လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ
2.8K views15:33
打开/如何
2021-12-22 14:08:22 "ရန်ကုန် ၃၂မြို့နယ် မနက်ဖြန် မီးပြတ်မည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊
ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို ( ၂၃.၁၂.၂၀၂၁ ) ရက်နေ့၊ (ကြာသပတေးနေ့ ) တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊တောင်ဉက္ကလာ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဗဟန်း၊ ဒဂုံ၊ လမ်းမတော်၊
လသာ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊လှည်းကူး၊ ဖောင်ကြီး၊ ထောက်ကြန့် မြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မီးသုံးသူ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
6.9K views11:08
打开/如何