Get Mystery Box with random crypto!

Myanmar Update News

电报频道的标志 myanmarupdate — Myanmar Update News M
电报频道的标志 myanmarupdate — Myanmar Update News
通道地址: @myanmarupdate
类别: 政策 , 新闻和媒体
语言: 中国
用户: 39.30K
频道的描述

အမှောင်ထဲမှ အလင်းတစ်စ

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


最新信息 50

2021-08-28 18:49:44 ငွေကျပ် ၁ ဒသမ၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိမှုတစ်ခုလွိုင်လင်-တောင်ကြီးကားလမ်း၊ဟိုတင့်ကျေးရွာအနီးမှာ ဖြစ်ပွါးခဲ့ပါတယ်။

ဩဂုတ်လ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ မူးယစ်ဆေးဝါးတွေကို ၁၂ ဘီးမော်တော်ယာဉ်ပေါ တင်ကာ ပြောင်းဖူးအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတာပါ။

ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေက ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ဘီလီယံကျော်ရှိပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးဝါးအမျိုးအစားတွေက ဘိန်းဖြူ ၅၃ ဒသမ၉၉ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ တို့ဖြစ်ပါတယ်။

လက်ရှိမှာတော့ မူးယစ်ဆေးဝါးတွေသယ်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြတဲ့ ကျင်းထန်(ခ)ရှီကျင်းထန်၊ ရန်ကျုံးဝေ(ခ)အားဝေတို့ကို တောင်ကြီးမြို့နယ်၊ ၄ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဆက်လက် ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။
2.6K views15:49
打开/如何
2021-08-28 18:36:57
ဆရာတော် သံဃာတော်များအား မိုက်ရိုင်းစွာ ဆဲဆိုခဲ့သူ အကြမ်းဖက် PDF အဖွဲဝင် "စုမာ" အား ဒဂုံအရှေ့ရွာသာကြီးရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖမ်းဆီးရမိကြောင်း သိရပါတယ်။
Credit
2.7K views15:36
打开/如何
2021-08-28 17:51:25 https://golosovanie-ac.mil.ru/

ချစ်ရတဲ့အမျိုးများ
ဝန်းရံပေးကြပါဦနော်
ရုရှားစံတော်ချိန် 1:15pm မြန်မာစံတော်ချိန် 4:45pm မှာအောက်ဖော်ပြပါlinkမှာဝင်ရောက်ပြီး မြန်မာကိုရွေးပီး voteပေးခဲ့ပေးပါနော် ပရိတ်သတ်ရွေးချယ်မဲပေးမယ့်ပြိုင်ပွဲမှာ
ယှဉ်ပြိုင်မယ့်ယိမ်းအမည်ကတော့ မြန်မာ့အလှအိုးစည်ယိမ်းအကလေးနဲ့ ရိုးရာယဉ်ကျေးမှုအသင်းအနေနဲ့ယှဉ်ပြိုင်ကြမှာပါ အားလုံးကိုVoteပေးပြီးဝန်းရံပေးဖို့တောင်းဆိုချင်ပါတယ်
2.7K views14:51
打开/如何
2021-08-28 17:50:34 မြန်မာ့ရိုးရာအဖွဲ့၏ ပြိုင်ပွဲဝင်ကပြဖျော်ဖြေမှု

https://golosovanie-ac.mil.ru
(လင့်ကတခါတလေ ဝင်ရခက်ပါသည်)
5stars ပေးခြင်းဖြင့် People’s Choice Award ဆု အတွက် ကူညီပေးကြပါအုန်း
2.7K views14:50
打开/如何
2021-08-28 17:07:03 COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(28-8-2021, 8:00 PM)

စစ်ဆေးသူ 18,189 ဦး
ပိုးတွေ့သူ 2,932 ဦး
ပိုးတွေ့ရာနှုန်း 16.12 %
ပိုးတွေ့သူစုစုပေါင်း 389,134 ဦး

ဆေးရုံဆင်းသူ 2,844 ဦး
ပြန်ကောင်း 88.32 % (အများဆုံး)
ဆေးရုံဆင်းသူစုစုပေါင်း 343,668 ဦး

သေဆုံးသူ 109 ဦး
သေနှုန်း 3.87 %
သေဆုံးသူစုစုပေါင်း 15,077 ဦး
2.9K views14:07
打开/如何
2021-08-28 16:57:22
၂၈ ဩဂုတ် ၂၀၂၁
ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ထုတ်ပြန်ချက်
+++++++++++++++++++++++++++++
၁။ စုစုပေါင်းဓာတ်ခွဲစစ်ဆေးသူ- ၁၈၁၈၉ ဦး
ယမန်နေ့ ၁၃၆၀၅ ဦး

၂။ ဓာတ်ခွဲအတည်ပြုလူနာ(ပိုးတွေ့သူ) – ၂၉၃၂ ဦး (၁၆.၁၂ %)
ယမန်နေ့ ၂၆၈၈ ဦး (၁၉.၇၆ %)

၃။သေဆုံးသူ - ၁၀၉ ဦး(-၉)
ယမန်နေ့ ၁၁၈ ဦး

Source MOHS
2.8K views13:57
打开/如何
2021-08-28 16:39:54
တရုတ်ပြည်သူ့သမ္မတနိုင်ငံကဝယ်ယူထားတဲ့ Sinopharmအမှတ်တံဆိပ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂သန်းဟာ ဒီကနေ့ ဩဂုတ်လ ၂၈ရက်နေ့ ညနေပိုင်းမှာ ထပ်မံရောက်ရှိလာတယ်လိုသိရပါတယ်။
အဆိုပါကိုဗစ်ကာကွယ်ဆေးအလုံးရေ ၂သန်းဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ညနေ ၄နာရီ ၂၅မိနစ်မှာ ရောက်ရှိလာတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး
ကုသရေးနဲ့ပြည်သူကျန်းမာရေးဦးစီးဌာနကလက်ခံရယူခဲ့တာဖြစ်ပါတယ်။
၎င်းကာကွယ်ဆေးတွေကို ရန်ကုန်တိုင်းဒေသကြီး ဗဟိုကာကွယ်ဆေးသိုလှောင်ရုံမှာထားရှိပြီး မနက်ဖြန်ဩဂုတ်လ ၂၉ရက်နေ့မှာ တပ်မတော်လေ ယာဉ်နဲ့တိုင်းဒေသကြီးပြည်နယ်အသီးသီးကိုအအေးလမ်းကြောင်းမပြတ် ပိုဆောင်ပေးသွားမယ်လိုသိရပါတယ်။
Yangon Media Group
2.7K views13:39
打开/如何
2021-08-28 16:38:33 သြဂုတ် ၂၈ ရက် ညပိုင်းသတင်းအစီအစဉ်

■ ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေဟု သတင်းထုတ်ပြန်ရေးအဖွဲ ခေါင်းဆောင် ပြောကြား

■ ရန်ကုန်တိုင်း မြိုနယ် လေး မြိုနယ်မှ နေရာအချိုတိုတွင် သြဂုတ် ၂၉ ရက်၌ မီးပြတ်မည်

■ ကဘူးလေဆိပ် တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်ရှိ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်ကို အမေရိကန်က ဒရုန်းဖြင့်တိုက်ခိုက်

■ အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ရောဘတ်ကနေဒီအား လုပ်ကြံခဲ့သူကို ခံဝန်ဖြင့်လွှတ်ရန် ကနဦးဆုံးဖြတ်ထား

■ စီရော်နယ်လ်ဒိုလုပွဲကို ငေးကြည့်သူအဖြစ်သာ ဖြတ်သန်းခဲ့ရဟု ကလော့ပ် ဝန်ခံ
2.7K views13:38
打开/如何