Get Mystery Box with random crypto!

Myanmar Update News

电报频道的标志 myanmarupdate — Myanmar Update News M
电报频道的标志 myanmarupdate — Myanmar Update News
通道地址: @myanmarupdate
类别: 政策 , 新闻和媒体
语言: 中国
用户: 39.30K
频道的描述

အမှောင်ထဲမှ အလင်းတစ်စ

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


最新信息 3

2022-01-04 05:35:00 ဇန်နဝါရီ ၄ ရက် နံနက်ခင်းသတင်းအစီအစဉ်
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘာဝဘေးဖြင့် တရားစွဲထားသည့် အမှုအတွက် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက် ပေးခဲ့ပြီး ဇန်နဝါရီ ၁၀ ရက် ရုံးချိန်းတွင် အမိန့်ချမည်

■ မြန်မာ-တရုတ်နယ်စပ်အဓိကဝင်ပေါက်တစ်ခုဖြစ်သည့် လွယ်ဂျယ်နယ်စပ်ဂိတ်ကို မကြာမီဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

■ အတိုက်အခံများကို ပိတ်ပင်သည့် စည်းမျဉ်းသစ်များဖြင့် ကျင်းပခဲ့သော ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဟောင်ကောင် ဥပဒေပြုအမတ်သစ်များ ကျမ်းသစ္စာကျိန်ဆို

■ မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် နောက်ဆုံးအကြိမ် ကြိုးပမ်းသွားမည်ဟု တောင်ကိုရီးယားသမ္မတ ကတိပြု

■ ကြီးကြီးမားမား မီးလောင်ခဲ့သဖြင့် တောင်အာဖရိက ပါလီမန် အဆောက်အအုံပျက်စီးမှုများ ဖြစ်ပေါ်ခဲ့

■ PSG တွင် ဘာပေ နှစ်ပေါင်းများစွာဆက်ရှိရန် မျှော်လင့်ထားကြောင်း ပိုချက်တီနို ပြော
1.5K views02:35
打开/如何
2022-01-04 03:25:08
2.0K views00:25
打开/如何
2022-01-03 18:57:47
လေးကေ့ကော်ဒေသရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတိုနေရပ်အသီးသီးသို ပြန်လည်ဝင်ရောက်၊ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး
1.3K views15:57
打开/如何
2022-01-03 18:03:36
ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုအောက်ဆီဂျင်တွေသယ်လာတဲ့ကားကို လေယာဉ်ဆီဆိုပြီး သတင်းအမှားနဲ့ အဆိပ်ခတ်တဲ့ဒေါ်လာစား အနောက်အားပေး မီဒီယာကြောင့် လူ့အသက်များစွာကယ်နိုင်တဲ့ အောက်ဆီဂျင်များ ပျက်စီးဆုံးရှုံး
1.9K views15:03
打开/如何
2022-01-03 16:43:03 ဇန်နဝါရီ ၃ ရက် ညပိုင်းသတင်း

■ ရွှေပြည်သာမြိုနယ် ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား သေနတ်၊ လက်လုပ်ဗုံးတိုဖြင့် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိဟု ကနဦးသိရ

■ တွံတေးမြိုနယ်တွင် မော်တော်ယာဉ်တစ်စီး လမ်းဘေးရှိ ရေကန်အတွင်း ထိုးကျရာမှ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးလေးဦး သေဆုံး

■ သံဖြူဇရပ်မြိုအဝင် ခရမ့်ရော်ဘာစက်ရုံရှေ့ မုဒုံ - သံဖြူဇရပ်ကားလမ်းမဘေးတွင် အချိန်ကိုက်မိုင်းတစ်လုံးတွေ့ရှိခဲ့

■ အိန္ဒိယတွင် ငါးရက်ဆက်တိုက် COVID-19 ကူးစက်ခံရသူ သိသိသာသာ မြင့်တက်

■ နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်နေချိန် ဆူဒန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ

■ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကစားသမားသစ် ခေါ်ယူရန် လိုအပ်ကြောင်း ကွန်တီ ပြော
2.6K views13:43
打开/如何
2022-01-03 13:00:33
ကျူးကျော်များမရှိတော့သည့် ရန်ကုန်-ပုသိမ်လမ်းမကြီးကို အဆင့်မြှင့်တင်ရန် မြို့တော်စည်ပင် စတင်ဆောင်ရွက်

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်မှုများကို ဖယ်ရှားရှင်းလင်းပြီးပြီဖြစ်သဖြင့် ရန်ကုန်-ပုသိမ်လမ်း လမ်းမကြီးကို ပြန်လည် အဆင့်မြှင့်တင်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးလမ်းဘေးတစ်ချက်တွင် ယခင်ကတည်းက ပါရှိခဲ့ပြီး ယခုအခါ တိမ်ကောနေပြီဖြစ်သည့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းများကိုပြန်လည်တူးဖော် ရှင်းလင်းကာ သဘာဝရေဝေရေလဲနေရာအဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ကာ စက်ဘီးစီးလမ်းများ၊ လူသွားစင်္ကြံလမ်းများ၊ဘတ်စ်ကားမှတ်တိုင်များ၊ ပန်းအလှနှင့်အရိပ်ရပင်များကိုပါ ဟိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပုသိမ်လမ်းမကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လမ်းအရှည် ၇ မိုင် ၄ဖာလုံရှိရာ ၅ မိုင် ၄ ဖာလုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်မည်ဖြစ်သည်။
3.5K views10:00
打开/如何
2022-01-03 12:54:45
3.1K views09:54
打开/如何
2022-01-03 11:31:37
မြန်မာ့ကြက်တောင်အားကစားသမိုင်းတွင် အိုလံပစ်ပြိုင်ပွဲ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသူဖြစ်လာသည့် သက်ထားသူဇာ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၁ နှစ်လယ်ပိုင်းက ပြန်လည်ကျင်းပသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရပြီး ပထမဆုံး အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရသည့် မြန်မာကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သက်ထားသူဇာသည် တိုကျိုအိိလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန်အတွက် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက ကြိုးပမ်းခဲ့ပြီး လက်ရည်စစ်ပွဲအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် လက်ရည်စစ်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့်သည့် အောင်မြင်မှုများ ရယူနိုင်သဖြင့် သတ်မှတ်ထားသည့် အဆင့်အတွင်း ရပ်တည်နိုင်ကာ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
3.4K views08:31
打开/如何
2022-01-03 11:29:20 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်အစပ်ရှိ ဆင်ဖုံချောင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့်ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ ရှိခဲ့ရ ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအမျိုးသမီးအလောင်းကို ဇန်နဝါရီ ၂ ရက် နေ့ညနေပိုင်းအချိန်ကတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုများအရ အလောင်းမှာ ထိုးသွင်း ဒဏ်ရာနှစ်ချက်ကို တွေ့ ရှိကြောင်းနှင့် အ လောင်းမှာလည်း ပုံပျက်နေကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

ထိုသို့ ဆင်ဖုံချောင်းအတွင်း အလောင်းတစ်လောင်း မျောပါနေကြောင်း တာဝန်သိပြည်သူများမှ ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ သတင်းပေး အကူအညီတောင်းခံမှု ကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက်ဆယ်ယူ၍ မေဓါဝီဆေးရုံသို့ အလောင်းအပ်နှံကူညီခဲ့ခြင်းဖြစ် ကြောင်းနှင့် သေဆုံးသူ ဆွေမျိုးများနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
3.2K views08:29
打开/如何
2022-01-03 09:20:55
ငါးမွေးမြူရေးကန်အတွင်းသို့ အိမ်စီးကားတစ်စီး အရှိန်လွန်ထိုးကျရာ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံး
……………………………………………………

ရန်ကုန်၊ ဇန်နဝါရီ ၃ (People Media)

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ ချောင်းဟောင်းကျေးရွာအနီးတွင် ဇန်နဝါရီ ၂ ရက်နေ့က မော်တော် ယာဉ်တစ်စီး အရှိန်လွန်ပြီး ငါးမွေးမြူရေးကန်အတွင်းသို့ ထိုးကျရာ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံး ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်၌ ယာဉ်အတွင်း ပိတ်မိနေသူများကို ရွာသားများ ကယ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော် လည်း ယာဉ်မောင်းတစ်ဦးသာ အသက်ရှင်ခဲ့ပြီး ကလေးငယ်အပါအဝင် ကျန် ၅ ဦးသည် သေဆုံးခဲ့ပါတယ်။

"ကားထဲမှာ ၆ ယောက်ပါလာတာ ကားမောင်းတဲ့သူပဲ လွတ်တယ်။ ကျန်တဲ့သူတွေကတော့ သေဆုံးခဲ့ပါတယ်" ဟု တွံ့တေးမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း တွံ့တေးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ထားပါတယ်။
3.5K viewsedited  06:20
打开/如何