Get Mystery Box with random crypto!

Myanmar Update News

电报频道的标志 myanmarupdate — Myanmar Update News M
电报频道的标志 myanmarupdate — Myanmar Update News
通道地址: @myanmarupdate
类别: 政策 , 新闻和媒体
语言: 中国
用户: 39.30K
频道的描述

အမှောင်ထဲမှ အလင်းတစ်စ

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


最新信息 5

2022-01-02 17:28:44 ရန်ကုန်မြစ်အတွင်း ခရီးဝည် ၁၁ ဦးပါဝင်သည့် စက်တပ်သမ္ဗန်တစ်စီးတိမ်းမှောက်နစ်မြုပ်ရာ ၁၀ ဦး အသက်ရှင်၍ တစ်ဦးပျောက်ဆုံးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂

ရန်ကုန်မြစ်အတွင်း မော်တင်ဆိပ်ကမ်းနှင့် မှော်စက်သမ္ဗာန်ကတိုဆိပ်တိုသို ခရီးသည်ပိုဆောင် ပြေးဆွဲနေသည့် ခရီးသည် ၁၁ ဦးပါ ရွှေပျံလွှားစက်တပ်သမ္ဗန်တစ်စီးသည် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မော်တင်ဆိပ်ကမ်းအနီး တိမ်းမှောက်နစ်မြုပ်ခဲ့ရာ ၁၀ ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးပျောက်ဆုံးနေကြောင်း ဒလမြိုနယ် အုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။

အဆိုပါ ရွှေပျံလွှားစက်တပ်သမ္ဗန်သည် ရန်ကုန်ဘက်ကမ်းမော်တင်ဆိပ်ကမ်းမှ ဒလဘက်ကမ်း မှော်စက်သမ္ဗန်ကူးတိုဆိပ်သို ခရီးသည်များ တင်ဆောင်မောင်းနှင်လာစဉ် ရှေ့တည့်တည့်မှ မောင်းနှင်းလာသော စက်တပ်သမ္ဗန်တစ်စီးကို တိမ်းရှောင်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ ကားကူးဇက် ရေယာဉ်အောက်သို ဝင်ရောက်ကာ တိမ်းမှောက်နစ်မြုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်၌ သမ္ဗန်ပေါ်၌ပါရှိသည့် ခရီးသည် ၁၁ ဦးအနက် ၁၀ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်ထားနိုင်ပြီး ၁ ဦးပျောက်ဆုံးနေသဖြင့် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
174 views14:28
打开/如何
2022-01-02 17:27:06 ဒယ်လ်တာနဲ့ အိုမီခရွန်ဗီဇပြောင်းပိုးတွေက ဆူနာမီလို အရှိန်အဟုန်နဲ့ သွားနေတာမို့ ကိုဗစ်ပိုးတွေ့လူနာတွေ ကမ္ဘာမှာမြင့်တက်လျက်ရှိပါတယ်
ဒါ့ကြောင့်မို့ ကိုဗစ်စည်းကမ်းတွေကို လူတိုင်းလိုက်နာဖို့လိုပါတယ်
262 views14:27
打开/如何
2022-01-02 15:09:21
စည်ကားလှပနေတဲ့ ရန်ကုန်မြို့ရဲ့ ညရှုခင်း
1.9K views12:09
打开/如何
2022-01-02 14:30:22 သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို၏ မြေးတော် ထိပ်စုဘုရားကြီး(ခ) ဒေါ်စုစုခင်၏ စျာပနကို ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီက ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်ရွာစံ ကံကုန်တော်မူသော ထိပ်စုဖုရားကြီး၏ စျာပနသို ထိပ်စုဖုရားကြီး၏ မိသားစုဝင်များ၊ စတုတ္ထသမီးတော်မိသားစုဝင်များနှင့် အလောင်းမင်းတရားကြီး၏ ဆွေတော်စဉ်မျိုးတော်ဆက်များက နောက်ဆုံးဂါရဝပြု လိုက်ပါပိုဆောင်ခဲ့ကြောင်း သိရသည်။

ထိပ်စုဘုရားကြီးမှာ သက်တော် ၉၉ နှစ်ဖြင့် ကိုးမိုင်ပင်မဗုဒ္ဓဝါဒီကျောင်းတိုက်၌ ဒီဇင်ဘာ ၃၁ ရက် နံနက် ၄နာရီ ၁၅ မိနစ်တွင် လူကြီးရောဂါဖြင့် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ ကုန်းဘောင်အနွယ်တော်မျိုးဆက်တွင် မြေးတော်အဖြစ် နောက်ဆုံးကျန်ရစ်ခဲ့သူဖြစ်ကြောင်း သိရသည်။

ထိပ်စုဘုရားကြီး၏ အရိုးပြာအိုးကို ရွှေတိဂုံဘုရားတောင်ဘက်မုဒ် အရှင်နန်းမတော်စုဖုရားလတ် အုတ်နန်းပြာသာဒ်တော်တွင် ထည့်သွင်းသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ထိပ်စုဘုရားကြီးမှာ သီပေါမင်းနှင့် စုဖုရားလတ်တိုမှ ဖွားမြင်သည့် ဦးကိုကိုနိုင်+စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ်ဘုရားကလေးတို၏ ဒုတိယသမီးတော်ကြီးဖြစ်ပြီး မွေးချင်းငါးဦးရှိသည််။
2.2K views11:30
打开/如何
2022-01-02 13:55:03
PDF တွေကို တိုက်ထုတ်နေတဲ့
ရှေ့တန်းရောက် တပ်မတော်သားများအတွက်

ကိုသူရိန်မင်းထွန်းနှင့် စစ်သားချစ်သူများရဲ့အလှူ...

ရွှေဘတို့နောက်မှာ ကျုပ်တို့ပြည်သူတွေအများကြီးရှိတယ် ဖိုက်တင်း။ တိုက်ပွဲတိုင်း အောင်ရမည်
2.2K views10:55
打开/如何
2022-01-02 13:52:27
အကြမ်းဖက် PDF များအား
ROE Rules အတိုင်း ဆောင်ရွက်လျက်ရှိပြီး အရပ်ဖက်ပြည်သူများ ထိခိုက်မှုမရှိစေရေး အတွက်ပါ အလေးထား လျက်ရှိဟု Martin Griffiths ၏ ထုတ်ပြန်ချက်အပေါ် နစက နိုင်ငံခြားရေးက ကြေငြာချက်ထုတ်ပြန်။
2.2K views10:52
打开/如何
2022-01-02 05:36:22
လည်ချင်စဖွယ် ပွဲကောက်ရေတံခွန်
========================
ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်
(B.E FALLS)သို့ နှစ်သစ်ကူးရုံးပိတ်ရက်များတွင်
အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ
အထူးများပြားလျက်ရှိပြီး ပွဲကောက်ရေတံခွန်တွင်
အဆင့်မြှင့်တင်တည်ဆောက်ထားသည့် LED မှန်
တံတားများ၊ ကလေးကစားကွင်းများတွင် လည်
ပတ်သူများ၊ ရေတံခွန်တွင် မိသားစုလိုက် အနားယူ
အပန်းဖြေသူများနှင့် အထူးစည်ကားလျက်ရှိသည်။
2.3K views02:36
打开/如何
2022-01-02 04:54:49 ဇန်နဝါရီ ၂ ရက် နံနက်ခင်းသတင်း

■ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ကို ဆင်းရဲမွဲတေမှုအတွင်း သက်ဆင်းစေလိမ့်မည်ဟု ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြ
■ ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေပြီး ဒီဇင်ဘာ ၃၁ ရက်က တစ်ရက်အတွင်း လူနာသစ် ၁၆ သိန်းကျော်နှင့် သေဆုံးသူ ၅၆၀ဝ ကျော်ရှိ
■ ယခုသီတင်းပတ်ကုန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ဇယ်လန်စကီနှင့် ဖုန်းပြောဆိုဆွေးနွေးမည်
■ ဩစတြေးလျတွင် ၂၀၂၂ ခုနှစ်ကို COVID 19 စံချိန်တင်ကူးစက်မှုဖြင့် စတင်
■ ဇန်နဝါရီတွင် ယူနိုက်တက် ကစားသမားသစ် ခေါ်ယူမည်မဟုတ်
2.4K views01:54
打开/如何
2022-01-01 11:42:37 မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဇန်နဝါရီ ၁ ၊ ၂၀၂၂ (TRN)


မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးလုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ မောင်းတိုင်(၁) ရပ်ကွက်ရှိ ရေစက်လမ်းနေ ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေး မှူး ဦးဇော်ဇော်အောင်ဆိုသူသည် နေအိမ်သို့ ပြင်ပမှ ဆိုင်ကယ်ဖြင်ပြန်လာစဥ် အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်ရောက်လာ၍ နေအိမ်အနီးတွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းညသိရသည်။

အဆိုပါ ပစ်ခတ် မှုကြောင့် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေး မှူး ဦးဇော်ဇော်အောင်သည် နောက်ကြောတွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်တွင်  ကျည်ထိမှန် ဒဏ်ရာနှစ်ချက်၊ ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့် ဦးဇော်ဇော်အောင်သည် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှင့် ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း သိရသည်။
1.9K views08:42
打开/如何
2022-01-01 09:56:52
2.5K views06:56
打开/如何