Get Mystery Box with random crypto!

Myanmar Update News

电报频道的标志 myanmarupdate — Myanmar Update News M
电报频道的标志 myanmarupdate — Myanmar Update News
通道地址: @myanmarupdate
类别: 政策 , 新闻和媒体
语言: 中国
用户: 39.30K
频道的描述

အမှောင်ထဲမှ အလင်းတစ်စ

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


最新信息 4

2022-01-03 09:07:42
ပြီးခဲ့သောနှစ် ဖော်ဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအနာဂတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ များပြားနေသော်လည်း ဂျပန်စီးပွားရေးလုပ်ငန်ရှင် အများစုသည် မြန်မာနိုင်ငံတွင် ပုံမှန်အတိုင်းစီးပွားရေးလုပ်ငန်းများအား ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အလွယ်တကူစွန့်လွှတ်သွားမည် မဟုတ်ကြောင်း ဂျပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်ကို Nikkei Asia သတင်းဌာနမှ ရေးသားဖော်ပြ။ ထိုအပြင် မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသော နိုင်ငံခြားစီးပွားရေး လုပ်ငန်းများနေရာတွင်လည်း ဂျပန်စီးပွားရေးလုပ်ငန်းများမှ အစားထိုးဝင်ရောက်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
375 views06:07
打开/如何
2022-01-03 06:14:10
1.7K views03:14
打开/如何
2022-01-03 05:40:59
ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘု ရားပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြု
2.1K views02:40
打开/如何
2022-01-03 05:38:28
2.3K views02:38
打开/如何
2022-01-03 05:36:13
စစ်ကိုင်းတိပိဋကဆရာတော်အတွက်
ရွှေတိဂုံတွင် ဆီမီး (၁၁၀၀၀) အလှူတော်
၂-၁-၂၀၂၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အကြီးစားကုသမှု
ခံယူနေတော်မူသော သုတဗုဒ္ဓ စစ်ကိုင်း
တိပိဋကဆရာတော် ဘဒ္ဒန္တ အဘိဇာတာလင်္ကာရာဘိဝံသ
ကျန်းမာရေးအမြန်ကောင်းမွန်ပါစေခြင်းငှာ
ရွှေတိဂုံစေတီတော်မြတ်တွင် ဆီမီး (၁၁၀၀၀)
ထွန်းညှိပူဇော်ဆုတောင်းခြင်းကို
၂-၁-၂၀၂၂ ခု တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင်
စတင်ပြုလုပ်ခဲ့ကြပြီး ဆရာတော်ကြီးအတွက်
ဇိဝိတဒါန ငါးလွှတ်ခြင်းများကိုပါ ရဟန်းရှင်လူများက
ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဤအစီအစဉ်ကို ဆရာတော်ကြီး၏
ဒါယိကာရင်းဖြစ်သူ ဦးထင်ကျော် (ထိုင်ဝမ်)မှ
စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး
ဘုရားဖူးလာရောက်သူ ရဟန်းရှင်လူအများလည်း
ဆီမီးဝင်ရောက်ပူဇော်ခဲ့ကြပါသည်။

ဗုဒ္ဓဘာသာအမျိုးသားရေးစာမျက်နှာ
1.9K views02:36
打开/如何
2022-01-03 05:21:20
၃.၁.၂၀၂၂ ရက်နေ့ ၀၆ ၅၅ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ် ၁၀ရပ်ကွက် ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိ၍ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ်များ ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ၇ နာရီခန့်တွင် မီးငြိမ်းပါသည်။
1.8K views02:21
打开/如何
2022-01-03 04:33:50 ရန်ကုန်-ပုသိမ်လမ်းမကြီးကို အဆင့်မြှင့်တင်မည်

ရန်ကုန်-ပုသိမ်လမ်း လမ်းမကြီး ၊ လှိုင်သာယာမြို့နယ်အတွင်း လမ်းဘေး လက်ဝဲ လက်ယာတွင် ကျူးကျော်နေအိမ်များ ရှင်းလင်းပြီးစီးပြီ ဖြစ်၍ ပြန်လည် အဆင့်မြှင့်တင်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေကြောင်း အဆိုပါ ကော်မတီက သိရသည်။

အဆိုပါ လမ်းမကြီး လမ်းဘေး တစ်ချက်တွင် မြို့တည်ကတည်းက ထားရှိသော အနက်ခြောက်ပေ၊ အကျယ် ပေ ၃ဝ အရွယ်အစားရေစုကန်များမှာ တိမ်ကောနေပြီ ဖြစ်၍ အဆိုပါ ရေစုကန်များကို ပြန်လည် တူးဖော်ရှင်းလင်းကာ သဘာဝရေဝေရေလဲနေရာအဖြစ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကအခု ရေစုကန်တွေကို ပြန်ရှင်းနေပြီ။အမှိုက်တွေ ရှင်းတယ်။ ရေထွက်ပေါက်တွေကို ပြန်လုပ်ရမယ်။ ပြီးတော့ စက်ဘီးစီးတဲ့ လမ်းတွေ ၊ လူသွားစင်္ကြံလမ်းတွေကို လုပ်မယ်။ဘတ်စ်ကား မှတ်တိုင် ၊ ပန်းအလှနှင့်အရိပ်ရပင်တွေ ကိုလည်း စိုက်မယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆင့်မြင့် အရာရှိကြီးက ပြောသည်။

ရန်ကုန်-ပုသိမ်လမ်းမကြီး တစ်ခုလုံး၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းလမ်း အရှည်မှာ ၇ မိုင် ၄ ဖာလုံရှိပြီး ယင်းတွင် ၅ မိုင် ၄ ဖာလုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်မည်ဖြစ်သည်။
2.1K views01:33
打开/如何
2022-01-03 04:22:30
ဗီယက်နမ်အထိ ရောက်သွားတဲ့ ကရင်ပြည်နယ်က လွှတ်လိုက်တဲ့ မီးပုံးပျံ
2.0K views01:22
打开/如何
2022-01-02 23:39:39
821 views20:39
打开/如何
2022-01-02 18:42:39
2.1K views15:42
打开/如何